ကျန်းမာရေးနဲ့ ညီညွှတ်အောင် သေချာအဓိက အာရုံစိုက် အလေးပေး ဖျော်စပ်ထားတဲ့ အဖျော်ယမကာတွေ၊ မုန့်ပဲသရေစာတွေနဲ့ အဆာပြေအစားအစာ အမျိုးမျိုးရနိုင်တဲ့ ဟိုတယ်ရဲ့ (၆)ထပ်မှာ ရှိတဲ့ Pool Bar ကတော့ ရန်ကုန်မြို့ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကြည်ညိုသပ္ဗာယ်စရာကောင်းစွာ ဖူးမျှော်ခံစားရင်း အပန်းဖြေနားနေပြီး အားအင်ပြန်လည်ဖြည့်တင်းဖို့အတွက် အကောင်းဆုံး နေရာတစ်ခုပါပဲ။
နေ့စဉ်နေ့တိုင်း နေ့လည် ၂ နာရီကနေ ၄ နာရီအထိ Happy Hour အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်ခံစားနိုင်ပြီ
ငြိမ့်ညောင်းသာယာတဲ့ သီချင်းသံစဉ်တွေကို နားထောင်ရင်း ရန်ကုန်မြို့ပြ ညနေခင်း နေဝင်ချိန်ကိုလည်း ခံစားနိုင် ပါတယ်။ ရေကူးကန်ကို မနက် ၆ နာရီကနေ ည ၈နာရီအထိ အသုံးပြုနိုင်ပြီး Novotel Yangon Max မှာတည်းခို နေထိုင်တဲ့ ဧည့်သည်တော်များအားလုံးအတွက်တော့ အခမဲ့ဖြစ်ပါတယ်။ နေ့စဉ် နံနက် ၇နာရီက ညနေ ၇နာရီထိ ဖွင့်လှစ်တဲ့ ရေကူးကန်ကဘားက နေရောင်ခြည်၊ ပျော်ရွှင်စရာနဲ့ အားအင်ပြန်လည်ဖြည့်တင်းဖို့အတွက် အသင့်တော်ဆုံးပါ။
အမှတ် ၄၅၉ ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။, 11041 Yangon
ဖုန်း: +95 9444088886
ဖက်စ်: +95 (1) 2305868
အီးမေးလ်:
H9045-RE@accor.com