၉ ၅ စတုရန်းမီတာ အကျယ်အဝန်းရှိသည့် Deluxe Suite အခန်းများတွင် လူဦးရေ ၆ ယောက် ဝင်ဆံ့သောကြောင့် မိသားစုများ အပန်းဖြေနားနေရန်အတွက် သင့်တော်သော ရွေးချယ်စရာတစ်ခု ဖြစ်ပြီး မိသားစုဝင်များ အတူတူ အနားယူရန်အတွက် လုံလောက်ကျယ်ဝန်းသော နေရာလွတ်
ပေးစွမ်းပါသည်။ နံနက်စာနှင့် တစ်နေ့တာလုံး အဆာပြေစားစရာများ ရရှိနိုင်မယ့်အပြင် အဝတ်လျှော် ဝန်ဆောင်မှု၊ TV ကြည့်ခန်း၊ ဖန်သားပြင်ပေါ်မှ ငွေပေးချေခြင်းနှင့် ဗီဒီယို ဂိမ်းများကိုလည်း အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ခန်းမှတဆင့် ရန်ကုန်မြို့တော် မြင်ကွင်းကျယ်နှင့် ပန်းခြံမြင်ကွင်းများ ကိုလည်း ပြည့်ပြည့်ဝဝ ခံစားနိုင်ပြီး ဧည့်ခန်း၊ အားကစားခန်းမ၊ ရေကူးကန်နှင့် တင်းနစ်ကွင်းတို့တွင် လည်း အခမဲ့ ကစားနိုင်မည် ဖြစ်ပါသည်။