၃၀ စတုရန်းမီတာက စတင်ပြီးအကျယ်အဝန်းရှိတဲ့ Deluxe အခန်းတွေမှာ နှစ်ယောက်အိပ် ကုတင် (သို့) တစ်ယောက်အိပ်ကုတင် အိပ်ရာတွေပါရှိပြီး လူကြီးမင်းရဲ့ စီးပွားရေးလုပ်ငန်းကိစ္စတွေ အားလုံးကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့အတွက် ကျယ်ဝန်းပြီး ပတ်ဝန်းကျင်၊ အခြေအနေတို့ကြောင့် လုပ်သားတို့ရဲ့ ကုန်ထုတ်စွမ်းအား ထိရောက်မှု အရှိဆုံးဖြစ်အောင် အထူးပြင်ဆင်ဒီဇိုင်းရေးဆွဲထားသည့် အလုပ်လုပ်နိုင်သော နေရာဧရိယာတစ်ခု ပါရှိပါသည်။ ထို့အပြင် ဧည့်သည်တော်များအနေဖြင့် အားကစားခန်းမ၊ ရေကူးကန်၊ ခေါင်မိုးထပ် ရေကူးကန်နှင့် ကလေးကစားကွင်းဧရိယာများကိုလည်း အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အခန်းများ၏ အရသာရှိလှသော အပြင်အဆင်စတိုင်ကို သက်တောင့်သက်သာရှိသော ဆိုဖာတစ်ခုနှင့် ထပ်မံဖြည့်စွက်ထားသည့်အတွက် ရန်ကုန်မြို့ရဲ့ တည်ငြိမ်အေးချမ်းပြီး ခမ်းနားသာယာတဲ့ မြင်ကွင်းကို ခံစားအပန်းဖြေနိုင်မည် ဖြစ်ပါသည်။