အခန်းသေးတွေကနေ ကြီးမားကျယ်ဝန်းတဲ့အခန်းကြီးတွေအထိ၊ Classic စတိုင်ကနေ Quirky စတိုင်အထိ၊ ရက်အကြာကြီး ငှားရမ်းချင်တာပဲဖြစ်ဖြစ်၊ နာရီအနည်းငယ် အသုံးပြုချင်တာပဲဖြစ်ဖြစ် လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေအားလုံးနဲ့ သုံးနိုင်တဲ့ ငွေကြေးပမာဏအတိုင်း စိတ်ကျေနပ်မှု ရရှိအောင်၊အဆင်ပြေစေမယ့် ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
လေ့ကျင့်သင်တန်းပေး အစီအစဉ်များ၊ team-building အစီအစဉ်များ၊ ထုတ်ကုန်သစ်မိတ်ဆက်ပွဲများ၊ ဟောပြောပွဲများ ဒါမှမဟုတ် ပါတီများအားလုံးအတွက် ကျွန်တော်တို့ရဲ့ အဖွဲ့သားတွေက အစအဆုံး အသေးစိတ် စနစ်တကျ စီစဉ်ပေးသွားမှာပါ။
လူဦးရေ ၇၅၀ ကျော်ကို ညစာတည်ခင်းဧည့်ခံကျွေးမွေးနိုင်လောက်တဲ့ စတုရန်းမီတာ ၁၁၄၀ ကျယ်ဝန်းပြီး ခန့်ညားထည်ဝါတဲ့ ၁၂ မီတာအမြင့်ရှိတဲ့ မျက်နှာကြက်ကြီးတွေ နေရာယူထားတဲ့ Grand Yangon Ballroom က ပြပွဲအခမ်းအနားကြီးတွေ၊ ညီလာခံကြီးတွေ၊ စီးပွားရေးဟောပြောပွဲတွေနဲ့ ထူးခြားဆန်းသစ်တဲ့ အထူးစပါယ်ရှယ်ပွဲတွေ ကျင်းပဖို့အတွက် အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် နောက်ဆုံးပေါ် နည်းပညာနဲ့ ပစ္စည်းကိရိယာ အမျိုးမျိုးနဲ့ တီထွင်ဆန်းသစ် ကွန့်မြူးပြီး အခြေအနေအလိုက် အကောင်းဆုံး ဖြေရှင်းတတ်တဲ့ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်တဲ့ professional အဖွဲ့သားတွေက လူကြီးမင်းရဲ့ ပွဲအခမ်းအနားများကို အကောင်းဆုံးနဲ့ အမှတ်ရဖွယ် အောင်မြင်မှုရရှိအောင် လိုအပ်ချက်မှန်သမျှကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
အမှတ် ၄၅၉ ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။, Yangon
Myanmar
Reservation Hotline number : +95 (9) 251186014
ဖုန်း: +95 (1) 2305858
ဖက်စ်: +95 (1) 2305868
အီးမေးလ်:
H9045-RE@accor.com