Novotel Yangon Max - Family & Business trip hotel - LE CELLIER

LE CELLIER


ရန်ကုန်မြို့၏ အကောင်းဆုံးနှင့် အခမ်းနားဆုံး Rooftop Fine Dining အတွေ့အကြုံကို ရယူခံစားလိုက်ပါ။

ခမ်းနားကျော့ရှင်းပြီး နွေးထွေးရင်းနှီးတဲ့ ပတ်ဝန်းကျင်ရှိတဲ့ Le Cellier ထဲကို ခြေလှမ်းလှမ်းလိုက်တာနဲ့ အကောင်းဆုံး ချက်ပြုတ်စားသောက်နည်း အတွေ့အကြုံကို ရရှိခံစားရမှာပါ။ ကျွန်တော်တို့ရဲ့ à la carte စားသောက်ဆိုင်မှာ ပြင်သစ်ခေတ်ပြိုင်ဟင်းလျာများကို သုံးဆောင်နိုင်တဲ့အပြင် ဝိုင်အမျိုးအစားပေါင်း ၁၅၀ ကျော်အစီအရီ ထားရှိတဲ့ ခန့်ညားလှတဲ့ ဝိုင်ဆယ်လာခန်းနဲ့ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး Rooftop မြင်ကွင်းကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

ဟိုတယ်ပေါ်တီကိုမှာ aperitif တွေကို အရသာခံ သောက်သုံးပြီး ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို လေးစားကြည်ညိုနိုင်ရင်း သာယာတဲ့ ညနေခင်းလေးကို ဖြတ်သန်းမလား။ ဒါမှမဟုတ် အိမ်ချက်စတိုင် appetizers, soups, salads, sharing platters တွေနဲ့ နူးအိအရသာရှိလှတဲ့ tomahawk steak တွေပါဝင်တဲ့ ကျွန်တော်တို့ရဲ့ ထူးကဲတဲ့ ဟင်းလျာမီနူးတွေကို အမျိုးအစား အစုံအလင် ရရှိတဲ့ဝိုင်တွေနဲ့ တွဲဖက်စားသုံးပြီး ထူးကဲလေးနက်တဲ့ အရသာတွေနဲ့ အထိအတွေ့တွေကို ခံစားမလား။ ချစ်ကြည်နူးဖွယ် ရင်ခုန်စရာ ညနေစာတွေ အတွက်လည်း အသင့်တော်ဆုံးဖြစ်တဲ့ Le Cellier မှာ သီးသန့်ထမင်းစားခန်း ၃ ခန်းရှိပြီး လစဉ်လတိုင်း ဝိုင်ပွဲတော် အခမ်းအနားတွေကို ကျင်းပပြုလုပ်လေ့ရှိတဲ့အပြင် ရုံးဖွင့်ရက်တွေမှာ Business Lunch ဝန်ဆောင်မှုတွေလည်း ရရှိနိုင်ပါတယ်။
ဖွင့်ချိန်
နေ့လည်စာ (နေ့လည် ၁၂း၀၀ မှ ၂း၃၀) (Currently Not Available)
ညစာ (နေ့စဉ် ညနေ ၆း၀၀ မှ ၁၀း0၀)
အခုပဲဘွတ်ကင်တင်လိုက်ပါ – H9045-FB4@accor.com / +95 94 44 08 8882

Le-Cellier-Wine Menu

Le-Cellier-Menu

ဘွတ်ကင်တင်ရန်
brand marker LE CELLIER


အမှတ် ၄၅၉ ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။, 11041 Yangon

ဖုန်း: +959444088882
ဖက်စ်: +95 (1) 2305868
အီးမေးလ်: H9045-FB4@accor.com

google_map
  • le-cellier
  • le-cellier
  • le-cellier
  • le-cellier
အခန်းတစ်ခန်းဘွတ်ကင်တင်ရန်
အခန်းတစ်ခန်းဘွတ်ကင်တင်ရန်
close