Novotel Yangon Max - Family & Business trip hotel - MEETING PACKAGE များ

MEETING PACKAGE များ


Novotel Yangon Max မှာ ခမ်းနားကျယ်ဝန်းပြီး အမျိုးမျိုး အသုံးပြုလို့ရတဲ့အပြင် ပင်မဟိုတယ် ဝင်ပေါက်ကနေ သီးသန့်ခွဲထုတ်ထားပြီး ကိုယ်ပိုင်သီးသန့် ဧရိယာတစ်ခု ပါရှိတဲ့ Grand Ballroom ခန်းမကြီး အပါအဝင် ပြီးပြည့်စုံပြီး ကောင်းမွန်စွာ စနစ်တကျ ပြင်ဆင်ထားတဲ့ အစည်းအဝေးခန်းပေါင်း ၉ ခန်းရှိပါတယ်။
Meeting အခန်းများအားလုံးသည် သီးသန့် Meeting အထပ်တွင် တည်ရှိပြီး အသံလုံခြုံစေသည့် အကန့်များ တပ်ဆင်ထားပါသည်။ သဘာဝနေ့အလင်းရောင် ရရှိသော Breakout အခန်းတွေကိုလည်း အသုံးပြုနိုင်ပြီး ကားအစီးရေ ၃၀၀ အထိ ဝင်ဆံ့တဲ့ ကားပါကင်လည်း ရှိပါတယ်။
ကျွန်တော်တို့ရဲ့ ပထမတန်းစား အစည်းအဝေးနဲ့ အကောင်းဆုံး ပွဲအခမ်းအနား ထောက်ပံ့ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေထဲမှာ လူဦးရေပေါင်း ၁၁၂၀ ကို ထိုင်ခုံနဲ့ Theatre ပုံစံ တည်ခင်းဧည့်ခံနိုင်တဲ့အပြင် မြင့်မားတဲ့ မျက်နှာကြက်ကြီးတွေနဲ့ သဘာဝနေ့အလင်းရောင် ရရှိတဲ့ Meeting အခန်းများ၊ ပိုပြီးသီးသန့်ကျတဲ့ အတွင်းပိုင်း Meeting အခန်းများစသဖြင့် ရှိတဲ့အတွက် လူကြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ လူဦးရေ ၁၀ ယောက်လောက် ပေါ့ပေါ့ပါးပါး စုဝေးတွေ့ဆုံကြတာမျိုးပဲဖြစ်ဖြစ်၊ လူအများကြီးစုပေါင်းပြီး အစည်းအဝေးတွေ လုပ်တာပဲဖြစ်ဖြစ် Theatre ဒါမှမဟုတ် Classroom ပုံစံနဲ့ စိတ်ကြိုက် နေရာချစီစဉ်နိုင်ပါတယ်။ ဒါ့အပြင် ဧည့်သည်ဦးရေ ၇၅၀ ကျော်ကို ခမ်းနားတဲ့ ညစာစားပွဲကြီးနဲ့ တည်ခင်းဧည့်ခံချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် ရုပ်မြင်သံကြား နည်းပညာတွေနဲ့ တပ်ဆင်ထားတဲ့ ခေတ်မီပြီး ဆွဲဆောင်မှုရှိတဲ့ အင်္ဂါရပ်တွေနဲ့ ဝန်ဆောင်မှုတွေက သင့်ကိုသက်တောင့်သက်သာ ဖြစ်စေပြီး အဆင်ပြေပျော်ရွှင်စေမယ်ဆိုတာ သေချာပါတယ်။

Full Day MEETING PACKAGE
Meeting အခန်းကို ၈ နာရီကြာ အသုံးပြုခွင့် (အဖွဲ့လူဦးရေပေါ်မူတည်ပြီး အခန်းအမျိုးအစား ကွဲပြားနိုင်ပါသည်)
Meeting စားပွဲနှင့် ထိုင်ခုံများ
Meeting ခန်း နောက်ခံ စကားလုံးအလှဆင်ခြင်း (မြန်မာစာ သို့ အင်္ဂလိပ်စာ) Logo မပါ
စတိတ်စင် Podium
ပန်းအလှဆင်ခြင်း
အသံစနစ်၊ မိုက်ကရိုဖုန်း ၂ လုံး၊ စပီကာများ၊ Projector Screen ၁ခုနဲ့ LCD Projector ၁လုံး
Meeting ဖိုင်များ၊ စာရွက်များနှင့် ခဲတံများ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပူရှိန်းသောက်ရေသန့်
Flip Charts ၂ ခု/ White Board ၁ ခု / Marker Pens ၃ ချောင်း
Coffee Break ၂ ကြိမ် (မနက်နှင့် နေ့လည်ခင်း)
နေ့လည်စာ ၁ ကြိမ်

Half Day MEETING PACKAGE
အခန်းကို ၄ နာရီကြာ အသုံးပြုခွင့် (အဖွဲ့လူဦးရေပေါ်မူတည်ပြီး အခန်းအမျိုးအစား ကွဲပြားနိုင်ပါသည်)
Meeting စားပွဲနှင့် ထိုင်ခုံများ
Meeting ခန်း နောက်ခံ စကားလုံးအလှဆင်ခြင်း (မြန်မာစာ သို့ အင်္ဂလိပ်စာ) Logo မပါ
စတိတ်စင် Podium
ပန်းအလှဆင်ခြင်း
အသံစနစ်၊ မိုက်ကရိုဖုန်း ၂ လုံး၊ စပီကာများ၊ Projector Screen ၁ခုနဲ့ LCD Projector ၁လုံး
Meeting ဖိုင်များ၊ စာရွက်များနှင့် ခဲတံများ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပူရှိန်းသောက်ရေသန့်
Flip Charts ၂ ခု/ White Board ၁ ခု / Marker Pens ၃ ချောင်း
Coffee Break ၁ ကြိမ်(မနက် သို့ နေ့လည်ခင်း)
နေ့လည်စာ ၁ ကြိမ်

Quotation တောင်းဆိုရန်
brand marker Novotel Yangon Max ☆☆☆☆☆


အမှတ် ၄၅၉ ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။, 11041 Yangon

ဖုန်း: +95 (1) 2305858
ဖက်စ်: +95 (1) 2305868
အီးမေးလ်: H9045-RE@accor.com

google_map
  • meeting-package-%e1%80%99%e1%80%ba%e1%80%ac%e1%80%b8
အခန်းတစ်ခန်းဘွတ်ကင်တင်ရန်
အခန်းတစ်ခန်းဘွတ်ကင်တင်ရန်
close