Novotel Yangon Max မှာ လူကြီးမင်းရဲ့ စားပွဲပေါ်ကို ဂျပန်နိုင်ငံရဲ့ မွှေးကြိုင်ထုံလွှမ်းတဲ့ အနံ့အရသာတွေနဲ့ ဂျပန်စတိုင် အကောင်းဆုံး yakiniku နဲ့ shabu-shabu တို့ကို သင့်ထံယူဆောင်လာပေးမှာပါ။
အရည်အသွေးကောင်းတဲ့ အသားတွေနဲ့ စိတ်ကျေနပ်စရာကောင်းလောက်အောင် ဂရုစိုက်ပေးတဲ့ ဝန်ဆောင်မှုတွေကြောင့် Takumi-Ya က ကျွန်တော်တို့ ဧည့်သည်တော်များကြား လူကြိုက်များတဲ့ ရွေးချယ်စရာတစ်ခုဖြစ်နေတာပေါ့။ ကိုယ်တိုင်ပြင်ဆင်စားသောက်လို့ရတဲ့ DIY ပုံစံပဲဖြစ်ဖြစ်၊ သင့်စားပွဲထံ ဝန်ထမ်းမှ ကိုယ်တိုင်လာရောက် ကင်ပေးပြီး အချိန်ပြည့်ဝန်ဆောင်မှုပေးတဲ့ ပုံစံပဲဖြစ်ဖြစ် ဂျပန်နိုင်ငံက တင်သွင်းထားတဲ့ အနှစ်သာရအပြည့်နဲ့ အရည်ရွှမ်းပြီး ဘာဘီကျူကင်ထားတဲ့ အသားလွှာတွေကို အလတ်ဆတ်ဆုံး ဟင်းသီးဟင်းရွက်တွေရယ်၊ ကျွန်တော်တို့ စားဖိုမှူးရဲ့ လျို့ဝှက်နည်းနဲ့ အထူးပြုလုပ်ထားတဲ့ ပဲပုပ်နှစ်ဆော့စ်ရယ်နဲ့ တွဲဖက်စားသုံးလိုက်တဲ့အခါ လူကြီးမင်းရဲ့ အရသာအာရုံခံအတွက် အရသာအရှိဆုံး ခံတွင်းအတွေ့ဆုံး အရသာ အတွေ့အကြုံ ဖြစ်စေမှာပါ။ ယိုကိုဟားမားမှာ မူလရင်းမြစ်တည်ထားတဲ့ Takumi-Ya က မူလရိုးရာအနှစ်သာရမပျက် အရောင်အဆင်း အနံ့အရသာ ပြီးပြည့်စုံတဲ့ ဂျပန်စတိုင် အတွေ့အကြုံကို လူကြီးမင်းအတွက် ပေးစွမ်းပါလိမ့်မယ်။
Level 4
ဆက်သွယ်ရန် – 09 261 766 525, 09 261 766 526
ဖွင့်ချိန်
နေ့လည် ၁၁း၀၀ မှ ည ၁၀း၀၀
အမှတ် ၄၅၉ ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်၊ မြန်မာ။, 11041 Yangon
ဖုန်း: +95 (1) 2305858
ဖက်စ်: +95 (1) 2305868
အီးမေးလ်:
H9045-RE@accor.com