Novotel Yangon Max - Family & Business trip hotel - BALLROOM

BALLROOM


The Yangon Ballroom ခန်းမကြီးက Level 1 မှာတည်ရှိပြီး ခန်းမတွင်း အခန်းကန့်ထားခြင်း၊ တိုင်လုံးကြီးများ ဘာတစ်ခုမှ မပါရှိဘဲ စုစုပေါင်း ၁၁၄၀ စတုရန်းမီတာ အကျယ်အဝန်းရှိပါတယ်။ ၂၀၁၅ ခုနှစ်က စတင်ပြီး မင်္ဂလာမောင်နှံပေါင်း ၄၀၀ ကျော်က စိတ်ချယုံကြည်စွာနဲ့ သူတို့ရဲ့ အမှတ်တရ မင်္ဂလာပွဲတွေကို Novotel Yangon Max မှာကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ၁၂ မီတာအမြင့်ရှိတဲ့ မျက်နှာကြက်ကြီးတွေရှိပြီး တိုင်လုံးတွေမပါဝင်တဲ့ အဓိက ပင်မခန်းမကြီးက အင်မတန် ခမ်းနားကြီးကျယ်တဲ့အပြင် ပွဲလမ်းအခမ်းအနားတွေ ပြုလုပ်ဖို့အတွက် ရန်ကုန်မြို့ရဲ့ အကြီးဆုံး ခန်းမကြီးအဖြစ်လည်း အများက အသိအမှတ်ပြုထားပါတယ်။ အစည်းအဝေးခန်းမတွေကို တိုက်ရိုက်အသုံးပြုနိုင်ပြီး အခန်းတွင်း ပစ္စည်းကိရိယာ အစုံအလင် ရှိတဲ့အပြင် အကောင်းဆုံး ကားပါကင်ရပ်နားလို့ရတဲ့ နေရာကျယ်ကြီးတွေကိုလည်း ပံ့ပိုးပေးထားတဲ့အတွက် ကျွန်တော်တို့ဟိုတယ်က လူကြီးမင်းတို့ရဲ့ ပွဲအခမ်းအနားတွေကို စီစဉ်ကျင်းပဖို့အတွက် အဆင်ပြေလွယ်ကူ ချောမွေ့တဲ့နေရာတွေပါပဲ။ Pre-function ဧရိယာတွေကို ပိုပြီးကြီးကျယ်တဲ့ အစည်းအဝေးတွေ ပွဲလမ်းအခမ်းအနားတွေ ပြုလုပ်ကျင်းပဖို့ အတွက်လည်း အသုံးပြုလို့ရပါတယ်။

 

 

Quotation တောင်းဆိုရန်
brand marker Novotel Yangon Max ☆☆☆☆☆


အမှတ် ၄၅၉ ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုုန်၊ မြန်မာ။, 11041 Yangon

ဖုုန်း: +95 (1) 2305858
ဖက်စ်: +95 (1) 2305868
အီးမေးလ်: H9045-RE@accor.com

google_map
  • ballroom
  • ballroom
  • ballroom
Mute Stop the video
အခန်းတစ်ခန်းဘွတ်ကင်တင်ရန်
အခန်းတစ်ခန်းဘွတ်ကင်တင်ရန်
close