Novotel Yangon Max - Family & Business trip hotel - ရန်ကုန်မြို့တော်ရဲ့ အကောင်းဆုံး မင်္ဂလာခန်းမနေရာ

ရန်ကုန်မြို့တော်ရဲ့ အကောင်းဆုံး မင်္ဂလာခန်းမနေရာ


Novotel Yangon Max မှာ လူကြီးမင်းရဲ့ မင်္ဂလာပွဲအခမ်းအနား ကျင်းပ ပြုလုပ်ဖို့အတွက် ဘွတ်ကင် တင်လိုက်တာနဲ့ သင့်အတွက် ကြည်နူးစရာကောင်းတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံက စောင့်ကြိုနေမှာပါ။ Indoors ဖြစ်ဖြစ် Outdoors ဖြစ်ဖြစ်၊ လူဦးရေအများကြီးကို အရသာအကောင်းဆုံး အစားအစာတွေနဲ့ တည်ခင်းဧည့်ခံချင်တာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သီးသန့် butler အဖျော်ယမကာဝန်ဆောင်မှုနဲ့ အဆင့်မြင့်ပွဲကြီးတစ်ခု လုပ်ချင်တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်အရမ်းခင်ရ၊ချစ်ရတဲ့ ဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲ စုပြီးအကျဉ်းချုံးလေး လုပ်တာပဲဖြစ်ဖြစ် ဒီလို အထူးတလည် အရမ်းအရေးကြီးတဲ့ နေ့ထူးနေ့မြတ် အခမ်းအနားကြီးကို သင့်စိတ်တိုင်းကျ ဖန်တီးကျင်းပနိုင်ဖို့အတွက် အကူအညီဖြစ်တဲ့ အကြံဉာဏ်တွေ ပေးဖို့နဲ့ အကောင်းဆုံး ကူညီဝန်ဆောင်မှုပေးဖို့ ကျွန်တော်တို့က အသင့်ရှိနေမှာပါ။

Yangon Ballroom

ခန့်ညားထည်ဝါတဲ့ မျက်နှာကျက်ကြီးတွေနဲ့ မိုးထားတဲ့ ကျွန်တော်တို့ရဲ့ နာမည်ကျော် Yangon Grand Ballroom က သင့်အတွက် ထူးခြားပြည့်စုံတဲ့ မင်္ဂလာအခမ်းအနား ကျင်းပဖို့အတွက် အသင့်တော်ဆုံး နေရာတစ်ခုပါပဲ။ ဧည့်သည်ဦးရေ ၇၅၀ ကျော်ကို စားပွဲဝိုင်းတွေနဲ့ ခမ်းနားတဲ့ ညစာ တည်ခင်း ဧည့်ခံနိုင်ပြီး သာမန်ထက် ထူးခြားသာလွန်ကောင်းမွန်တဲ့ အင်္ဂါရပ်တွေ ဝန်ဆောင်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ အပြင် ဂရုတစိုက် အာရုံစိုက်တတ်ပြီး စိတ်ကူးဉာဏ် ကွန့်မြူးတဲ့ ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကျွမ်းကျင်သူ အဖွဲ့သားတွေရဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေက သင့်အတွက် အထူးစပါယ်ရှယ် အမှတ်တရနေ့လေး တစ်နေ့ကို အဖက်ဖက်က ထူးခြားပြည့်စုံပြီး မမေ့နိုင်တဲ့ နေ့လေးတစ်နေ့ဖြစ်စေရမယ်လို့ ကတိပေးပါတယ်။ သင်ဘဝတစ်သက်တာလုံး စိတ်ကူးမေ ျှာ်မှန်းထားတဲ့ ပြီးပြည့်စုံတဲ့ မြင်ကွင်းလေးတစ်ခု ဖန်တီးနိုင်ဖို့၊ အကောင်းဆုံး စိတ်ကျေနပ်မှု သေချာရရှိစေဖို့နဲ့ သင်နဲ့သင့်ရဲ့ ဂုဏ်သရေရှိတဲ့ ဧည့်သည်တော်တွေအတွက် ပျော်ရွှင်ကြည်နူးစေရဖို့ ကျွန်တော်တို့ကို ကူညီခွင့်ပေးလိုက်ပါ။

Pyay Ballroom

HOTEL ရဲ့ LEVEL 4 မှာ တည်ရှိပြီး တိုင်လုံးကြီးတွေနဲ့ ဖွဲ့စည်းထားခြင်းမဟုတ်တဲ့ BALLROOM ခန်းမကြီးက ၃၂၅ စတုရန်းမီတာ လူဦးရေ ၂၅၀ အထိကို တည်ခင်းဧည့်ခံနိုင်ပါတယ်။ ခန်းမထဲမှာ LCD PROJECTOR ၁ခု၊ SCREEN နဲ့ စတိတ်စင် မီးအလင်းအမှောင် စနစ်တွေလည်း အသင့်တပ်ဆင်ပြီး ဖြစ်ပါ တယ်။ သင်ဘဝတစ်သက်တာလုံး စိတ်ကူးမေ ျှာ်မှန်းထားတဲ့ ပြီးပြည့်စုံတဲ့ မြင်ကွင်းလေးတစ်ခု ဖန်တီးနိုင်ဖို့၊ အကောင်းဆုံး စိတ်ကျေနပ်မှု သေချာရရှိစေဖို့နဲ့ သင်နဲ့သင့်ရဲ့ ဂုဏ်သရေရှိတဲ့ ဧည့်သည်တော်တွေ အတွက် ပျော်ရွှင်ကြည်နူးစေရဖို့ ကျွန်တော်တို့ကို ကူညီခွင့်ပေးလိုက်ပါ။ လူကြီးမင်းကို ကူညီဖို့ အသင့်စောင့်နေတဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကျွမ်းကျင် မင်္ဂလာအဖွဲ့သားတွေကို ဆက်သွယ်လိုက်ပါ။

Pathein Ballroom

LHOTEL ရဲ့ LEVEL 1 မှာ တည်ရှိပြီး တိုင်လုံးကြီးတွေနဲ့ ဖွဲ့စည်းထားခြင်းမဟုတ်တဲ့ ဒီ BALLROOM ခန်းမကြီးက ၂၇၇ စတုရန်းမီတာ လူဦးရေ ၁၈၀ အထိကို တည်ခင်းဧည့်ခံနိုင်ပါတယ်။ ခန်းမထဲမှာ LCD PROJECTOR ၁ခု၊ SCREEN နဲ့ စတိတ်စင် မီးအလင်းအမှောင် စနစ်တွေလည်း အသင့်တပ်ဆင်ပြီး ဖြစ်ပါတယ်။ သင်ဘဝတစ်သက်တာလုံး စိတ်ကူးမေ ျှာ်မှန်းထားတဲ့ ပြီးပြည့်စုံတဲ့ မြင်ကွင်းလေးတစ်ခု ဖန်တီးနိုင်ဖို့၊ အကောင်းဆုံး စိတ်ကျေနပ်မှု သေချာရရှိစေဖို့နဲ့ သင်နဲ့သင့်ရဲ့ ဂုဏ်သရေရှိတဲ့ ဧည့်သည်တော်တွေ အတွက် ပျော်ရွှင်ကြည်နူးစေရဖို့ ကျွန်တော်တို့ကို ကူညီခွင့်ပေးလိုက်ပါ။ လူကြီးမင်းကို ကူညီဖို့ အသင့်စောင့် နေတဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကျွမ်းကျင် မင်္ဂလာအဖွဲ့သားတွေကို ဆက်သွယ်လိုက်ပါ။

Quotation တောင်းဆိုရန်
brand marker Novotel Yangon Max ☆☆☆☆☆


အမှတ် ၄၅၉ ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုုန်၊ မြန်မာ။, 11041 Yangon

ဖုုန်း: +95 (1) 2305858
ဖက်စ်: +95 (1) 2305868
အီးမေးလ်: H9045-RE@accor.com

google_map
  • %e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%80%e1%80%b1
အခန်းတစ်ခန်းဘွတ်ကင်တင်ရန်
အခန်းတစ်ခန်းဘွတ်ကင်တင်ရန်
close