အကျယ်အဝန်းအားဖြင့် ၃၁၇ စတုရန်းမီတာ ကျယ်ဝန်းပြီး ကြီးကျယ်ခမ်းနားလွန်းလှတဲ့ Presidential Suite အခန်းတွေမှာ နေရာအလျှံအပယ်ရှိတဲ့အတွက် အိမ်ရဲ့အဝေး အိမ်မဟုတ်တဲ့ ပြီးပြည့်စုံတဲ့ အိမ်တစ်လုံးလိုမျိုး တည်းခိုမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ သီးသန့်အိပ်ခန်း၊ ကိုယ်ပိုင်သီးသန့် ဧည့်ခန်း/ထမင်းစားခန်း၊ ပြီးပြည့်စုံစွာ အလှဆင်ထားတဲ့ မီးဖိုချောင်ဧရိယာ၊ လျှပ်စစ်မီးဖိုနဲ့ စနစ်တကျ ရွေးချယ်ထားရှိပေးထားတဲ့ မီးဖိုချောင်သုံးပစ္စည်း အစရှိတာတွေ ပါဝင်တဲ့ ဒီ Presidential Suite အခန်းမှာ လူဦးရေ ၆ ယောက် တည်းခိုနေထိုင်နိုင်ပြီး သာယာလှတဲ့ မြို့တော်မြင်ကွင်းကျယ်တွေ ကို ခံစားလို့ ရစေမှာပါ။ သင့်မိသားစုနဲ့အတူ ဒီအခန်းလေးမှာ တည်းခိုနေထိုင်ပြီး နွေးထွေးတဲ့ အမှတ်တရတွေကို ဖန်တီးလိုက်ပါ၊ သင်အိမ်မပြန်ချင်တော့လောက်အောင်ကို စိတ်တိုင်းကျစေမှာပါ။